Tuesday, January 7, 2014

1G,2G,3G,4G တို့၏ အခြေခံကြသော ကွဲပြားမှုများ



အခြေခံအားဖြင့် G ဆိုသည်မှာ ပိုမိုမြန်ဆန်သော လိုင်းဆွဲအားကို ရည်ညွှန်း ထားခြင်း ဖြစ်ပါတယ်။

1G ကမ္ဘာပေါ်မှာ ပထမဆုံးသော ကြိုးမဲ့ ဖုန်းပြောခြင်း နည်းစနစ်ကို စတင်ပြီး အသုံးပြု ခဲ့ကြပါတယ်။ 1G ကို ၁၉၈၀ ခုနှစ်ပိုင်းလောက်မှ စတင်အသုံးပြု ခဲ့ကြပါတယ်။ နည်းပညာများ မဖွံ့ဖြိုးသေးသည့် အတွက် တွင်ကျယ်စွာ အသုံးမပြုကြ သေးပါဘူး။ ဖုန်းပြောဆို ရာတွင်လည်း အသံများ ကြည်လင် ပြတ်သားမှု မရှိသေးပါဘူး။

2G 2G နည်းပညာဟာ ဒုတိယအကြိမ် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းစနစ်တွင် 1G ထက် ပိုပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင်တာကို တွေ့ရပါတယ်။ အင်တာနက်၊ အီးမေး၊ SMS စသည်တို့ကို 2G စနစ်တွင် စတင်အသုံးပြု ခဲ့ကြပါတယ်။ ဖုန်းပြောဆို ရာတွင်လည်း 1G ထက်ပိုပြီး ကြည်လင်လာပါတယ်။

3G 3G စနစ်ဟာ တတိယ အကြိမ်မြောက် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ 3G စနစ်တွင် 1G 2G တို့ထက်ပိုမိုပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင် ခဲ့ပါတယ်။ ထိုစနစ်တွင် အင်တာနက် လိုင်းများ ပိုမိုကောင်းမွန်ခြင်း၊ ဖုန်းပြောဆိုရာတွင် ပိုမို ကြည်လင်ပြတ်သားစွာ ကြားရခြင်း၊ အင်တာနက်ပေါ်ရှိ ဗီဒီယိုများကို မြန်ဆန်စွာ ကြည့်ရှုနိုင်ခြင်း၊ အချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ အမြန်ပို့ဆောင်နိုင် ပါတယ်။

4G 4G နည်းပညာ ကိုတော့ နောက်ဆုံး တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းစနစ်သည် 1G 2G 3G စနစ်တို့ထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ထိုစနစ်သည် အင်တာနက်၊ မိုဘိုင်းဖုန်း အစရှိသည့် အရာများကို အမြင့်ဆုံး လိုင်းဆွဲအားများဖြင့် လုပ်ဆောင် ပေးပါတယ်။

ဟက်ကာ တစ်ယောက် ဖြစ်ရန် နည်းလမ်း













၁။ Networking TCP/IP, Basic Information gathering, Proxies, Socks, SSL, VPN, VPS, RDP, FTP, POP3, SMTP, Telnet, SSH အစရှိတဲ့ Networking ပညာရပ်များ တတ်မြောက်ထားဖို့ လိုပါတယ်။

၂။ Operating System Linux, Unix, Windows တို့ကို သေချာ ပိုင်နိုင်ပြီး VM ware တို့လို virtual desktop utility များကို ကောင်းကောင်း အသုံးပြု နိုင်ရပါမယ်။

၃။ Programming Language OS အားလုံးနဲ့ compact ဖြစ်တဲ့ Perl, Python, C, ASM တို့လို ဟာတွေ အပြင် HTML, PHP, Javascript, ASP, XML, SQL, XSS, SQLI, RFI, LFI တို့လို အစရှိသဖြင့် Language တို့ကိုပါ တတ်မြောက် ရပါမယ်။ --------------------------- အထူးသဖြင့်ကတော့ OSI Model က Layer တစ်ခုချင်းဆီမှာ အလုပ်လုပ်ပုံ Concept များကို သိရပါမယ်။ ပရိုဂမ်မင်းပဲ တတ်တဲ့သူကျ Application Layer မှာပဲ လက်စွမ်းပြနိုင်ပြီး Networking တတ်တဲ့သူကျ Network, Datalink တို့လို Media Layer မှာပဲ ကောင်းကောင်း လုပ်နိုင်ပါတယ်။ Programming သီးသန့် တတ်တဲ့ ဟက်ကာ ရှိသလို၊ Networking သီးသန့် တတ်တဲ့ ဟက်ကာတွေလည်း ရှိပါတယ်။ အမှန်တော့ အထက်ပါ အချက်သုံးချက်နဲ့ OSI Model ကို သေချာ ပိုင်နိုင်ထားပြီဆိုရင်တော့ ဟက်ကာ ကောင်း တစ်ယောက် ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြ ထားကြပါတယ်။