ငြီးငွေ့တယ်ဆိုတာ လူတိုင်းကြုံဖူးကြလိမ်မည်ထင်ပါသည်။ ငြီးငွေ့တယ်ဆိုတာ လုပ်ချင်ကိုင်ချင်စိတ်ကုန်သွားတာ၊ ဘာမှမလုပ်ချင်တော့တာ၊ ဘာလုပ်လုပ်မပျော်တာ၊ ဘာလုပ်ရမလဲဆိုတာလည်း မသိတော့တာ၊ ဘယ်သူနဲ့ ဘာအလုပ်ပဲလုပ်လုပ်၊ ဘယ်သူနဲ့ဘာကြောင်းအရာဘဲ ပြောပြော၊ ဘ၀ဟာ မပျော်ရွှင်တော့တာ၊ တနည်း အဓိပါယ်မဲ့နေခြင်းမျိုးပါ။ ဒါတနည်းအားဖြင့်ပြောရရင် အန္တရာယ်သိပ်များပါတယ်။ ဒါဟာ စိတ်ကျခြင်းဘက်ကို ပြောင်းသွားနိုင်လို့ပါဘဲ။
လောကကြီးမှာ ဘာလုပ်လုပ် အဓိပါယ်မဲ့နေခြင်းမျိုးပါဘဲ။ ဒါဆို ဒီလူက လောကမှာ အသက်ရှင် နေထိုင်ရခြင်းဟာ အဓိပါယ်မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲ။ မိတ်ဆွေ စဉ်းစားကြည့်လေ။ သူဟာ စိတ်ဓါတ်ကျပြီး သေသွားဖို့ဘဲ ရှိတော့တယ်။ ဒါမှမဟုတ် သတ်သေသွားနိုင်တယ်။ ဒါဆိုဘာကြောင့် ငြီးငွေ့ရတာလဲ အကြောင်းအရင်းကို ဆန်းစစ်ကြည့်ရအောင်၊ ကျနော်တို့ဟာ တစ်ခုခုလုပ်နေရင်း ပျော်ရွှင်မှုကို ရှာဖွေလေ့ရှိကြပါတယ်။ ပျော်ရွှင်မှုတွေကို တစ်ခုပြီးတစ်ခုခံစားကြပါတယ်။ ခံစားစရာ မရှိတော့တယ်အခါ ခံစားမှုတွေက ရိုးသွားတဲ့အခါမျိုးမှာ၊ လုပ်စရာ အလုပ်တစ်ခုခုကို မလုပ်ဖြစ်ခင်မှာ လုပ်နေရတဲ့ အလုပ်ကို မပျော်ပိုက်တဲ့အခါမှာ ကျနော်တို့ ငြီးငွေမှုဖြစ်လာတော့မှာပါ။ ဒါဟာ ကြောက်စရာ ကောင်းကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုငြီးငွေ့မှုမျိုး လူတိုင်းခံစားဖူးကြမှာပါ -
သာမန်ပြောရမယ်ဆိုရင် ပျင်းတယ်ပေါ့၊ ပျင်းတဲ့ အဆင့်ကျော်သွားတဲ့အခါမျိုးမှာ ငြီးငွေ့မှုဆိုတာ ဖြစ်လာတော့တာပါဘဲ။ ဒါဆို လူပျင်းက ငြီးငွေ့မှုဆိုတာ ဖြစ်သလား အဲဒါမဟုတ်ဘူး ပျင်းတဲ့လူက အကောင်းကြိုက်တယ်၊ ဘာမှသာမလုပ်ချင်တာ ထိုင်ရာမထ အကုန်ခံစားချင်တာမျိုးဘဲ။ သူက တစ်ခုပြီးတစ်ခု ခံစားပြီးနေမှာပါ။ နောက်ဆုံး ဘာမှ မခံစားတော့ရင် တနေကုန် အိပ်နေမှာပါ။
ဒါက ပျင်းတဲ့လူရဲ့ သဘာဝကို ပြောချင်တာပါ။ ငြီးငွေ့ခြင်းက အဆင့်မြင့်တယ် သိပ်ပြီး ခံစားရခက်တဲ့ အဖြစ်မျိုးပါ ဒီထက်ပိုပြီ သူသဘာဝကို ခံစားပြီး ရေးပြချင်ပါသေးတယ်။ ဥပမာပြောရရင် တစ်ခုခုမှ မရှိရင် မနေတတ်တဲ့လူဟာ အဲဒီတစ်ခုခုမရှိတော့ရင် ဘယ်လိုဖြစ်လာမလဲ။ အစပိုင်းမှာ နေရထိုင်ရ အတော်ခက်လိမ့်မယ် တော်တော်ပျင်းလိမ့်မယ် နောက်ပိုင်း နေတတ်ထိုင်တတ် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ငြီးငွေ့တယ်ဆိုတာ ရင်ထဲက ခံစားချက်ပါ။ သဘာဝတရားကတော့ ဒီအတိုင်းဘဲရှိနေမှာပါ။ ပတ်ဝန်းကျင်ကလည်း ဒီအတိုင်းဘဲ လည်ပတ်နေမှာပါ။ မိမိခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တွေကလည်း ဒီအတိုင်းဘဲ လည်ပတ်နေမှာပါ ငြီးငွေ့နေလို့လည်း ဒီခန္ဒာကြီးက ပိန်မသွားပါဘူး ဒါပေမဲ့ သေသွားနိုင်ပါတယ်။ ဒီငြီးငွေ့မှု ဒါဏ်မခံနိုင်စားနိုင်လို့ပါ။
ငြီးငွေ့မှုအဆင့်တွေက အမျိုးမျိုးရှိနေမှာပါ။
သာမန်ငြီးငွေ့မှု အဆင့်မှာ စိတ်အလိုမကျမှုကြောင့် ဖြစ်နေတာပါ။ ခဏပါဘဲ။ အဆင်ပြေသွားတဲ့အခါ ပြန်ပျော်ရွှင်သွားတတ်ပါတယ် တနည်း နောက်တနေ့ မိုးလင်းရင် ပုံမှန် အိုကေ သွားတတ်ပါတယ်။
ဒီထက်ပိုပြီး ငြီးငွေ့တဲ့ လူမျိုး ဆိုရင်တော့ တစ်ရက် နှစ်ရက်နဲ့ ပျော်မသွားပါဘူး နေရက်တော်တော်များများဆက်ပြီး ဖြစ်နေတတ်ပါတယ်၊ ဘယ်သူနဲ့မှ နေလို့ ပျော်မှာမဟုတ်ပါဘူး စားချင်သောက်ချင်၊ လည်ချင်ပတ်ချင် စိတ်တွေကုန်နေတတ်ပါတယ်။ ဒီလိုလူမျိုးအတွက်ကတော့ သူ့အတွက် မိတ်ဆွေကောင်း လိုအပ်နေပါတယ်။ သူ့ကို အားပေးဖော် သူ့ရင်ထဲက ခံစားချက်များကို မျှဝေခံစားတတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလူမျိုးများတွေ့ခဲရင် စိတ်ညစ်အောင်မပြုလုပ်ဖို့ တောင်းဆိုပါရစေ။ သူကို ကိုယ်ချင်းစာစိတ်ထားစေချင်ပါတယ်။ နောက်သူအတွက် သူနဲ့လိုက်ဖက်တဲ့အလုပ်မျိုးကို ရွေးချယ်သတ်မှတ်ပြီး တာဝန်ပေးအပ်ခြင်းအားဖြင့် အလုပ်မှာ ပျော်လာမယ်။ မိတ်ဆွေတွေနဲ့ နေထိုင်လာမယ်။ တစ်ယောက်ထဲကမ္ဘာမှ အများနဲ့နေခြင်းဖြစ်လာစေမှာပါ၊ သူ့ဘ၀ဟာ အဲဒါမှ အသက်ရှင်သန်လာမယ်။ သူဝါသနာပါရာမျိုး ခရီးထွက်တာမျိုး ပရဟိတ များတွင်လည်းပါဝင်စေခြင်းမျိုးဖြင့် သူကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး ထပ်တွေ့နိုင်သေတာက အာရုံကြောမကောင်းသူများဟာလည်း ဒီလိုမျိုးစိတ်ခံစားမှုမျိုးဖြစ်နိုင်ပါတယ်။ မူးယစ်ဆေးစွဲနေသူများလည်း ဒီလိုမျိုး စိတ်ခံစားမှု မျိုးဖြစ်နိုင်ပါသေးတယ်။
နောက်တစ်မျိုးက သူက တရားပွားများအားထုတ်ရင်း ၀ိပဿ နာညဏ်များ ရင့်သန်လာသော အခါတွင်လည်း မိမိလက်ခံပျော်ရွှင်ခဲ့သော အလုပ်များအားလုံးအပေါ်ငြီးငွေ့မှုများ ဖြစ်ပေါ်လာပါတော့တယ်။ နောက်ဆုံး မိမိလုပ်ရမယ့် တရားအလုပ်ကိုတောင် ငြီးငွေ့ပြီး မလုပ်ချင်စိတ် ဖြစ်လာတတ်ပါတယ်။ သို့ပေမယ့် ပြန်စဉ်းစားတဲ့အခါ ဒီလိုရပ်ပစ်ခြင်းဖြင့်လည်း ငြီးငွေ့မှုမှ မလွန်မြောက်နိုင်ဆိုတာ သူကိုယ်တိုင်သိမြင်နေပါတယ်။ သူမည်မည်မျှ ငြီးငွေ့သနည်း မြင်ခြင်းအပေါ်၊ ကြားသမျှအသံအပေါ်၊ နံသမျှ အနံ့များအပေါ်၊ စားရသအမျှ ရသာမျိုးစုံအပေါ်၊ တွေးခေါ်နေသော အတွေးအာရုံများအပေါ်၊ နောက်ဆုံး သေဆုံးပြီးနောက် သွားရမည့် ဘုံဘ၀များကိုပါ မလိုချင်တော့သော ငြီးငွေ့မှုကို ဖြစ်လာပါတော့တယ်။ သေချင်စိတ်လည်းပေါက်နေပါတော့တယ်။ ဒါပေမဲ့ သေခြင်းဖြင့်လည်း ငြီးငွေ့မှုမှ မလွန်မြောက်နိုင်ဘူးဆိုတာ သူသိနေပြန်ပါတယ်။ ထိုလူ၏ ငြီးငွေ့ မှုသည် အဆုံးစွန်ထိအောင် ရောက်နေပြီး မည်မျှ အထီးကျန်လိုက်မည်နည်း ခံစားပြီး သိမြင်နိုင်ပါသည်။ သို့သော် ထိုသူ၏ ငြီးငွေ့မှုသည် ၀ိပဿ နာညဏ်ရင့်သန်လာမှုကြောင့် ဖြစ်သော ညဏ်ဖြစ်ပါသည်။ တရားကို ဆက်လက်အားထုတ်သွားပြီး တဖြည်းဖြည်း ၄င်းညဏ်မှ ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ် နောက်ဆို ငြီးငွေ့မှုများကို ဥပေက္ခာပြုထားပြီး ဆက်လက်အားထုတ်သွားမှာဖြစ်ပါတယ်။ ၄င်းနောက် မဂ်အဆင့် ဖိုလ်အဆင့် အသီးသီးကို ဆိုက်ရောက်သွားမှာ ဖြစ်ပါတယ်။
မည်သို့ပင် ဆိုစေ အဆင့်တိုင်းတွင် အင်မတန်မှ အနေကျပ်ခြင်း ၊ မခံစားနိုင်ခြင်း၊ အထီးကျန်ခြင်းတို့သည် တူညီနေမှာပင်ဖြစ်သည် ထိုကြောင့် ထိုငြီးငွေ့မှုများကို လွန်မြောက်အောင် သတိထားပြီး ပညာညဏ် ဖြင့် မိမိကိုယ်ကို စီမံပြီး နေသွားရန် အလွန်ပင် အရေးကြီးမိပါကြောင်း ရေးသားလိုက်ရပါတယ်။
အခက်အခဲများအား ကျော်လွှားခြင်း
Saturday, December 19, 2015
Wednesday, December 16, 2015
သေချင်စိတ်နှင့်အတူ
တစ်ခါတစ်လေ ကျနေတို့ သေချင်စိတ်ပေါက်နေကြတယ်၊ ဘာလို့လဲဆိုတော့ သေသွားရင် အဆင်ပြေသွားမယ် ထင်လို့ဘဲ၊ ဒါဆိုမိတ်ဆွေပြောသလို သေသွားရင် တကယ်အဆင်ပြေသွားမလား သေကြည့်ရအောင်လေ၊ အရင်ဆုံး သေဆုံးခြင်းနှင့် လွတ်မြောက်ခြင်းကို ခေါင်းစဉ်ခွဲပြီး စဉ်းစားကြည့်ရအောင်လေ၊ သေဆုံးခြင်းဆိုတာ တစ်ဘ၀မှာ တစ်ခါသေရတဲ့အဖြစ်မျိုးပါ၊ လူတိုင်းလည်းကြုံရမယ် အဖြစ်မျိုးပါ။ ဒါဆို အကြောင်းရင်းက ဘာကြောင့် သေချင်ရတာလဲ။ ခုလက်ရှိကြုံနေရတဲ့ အခက်အခဲတွေ မဖြေရှင်းနိုင်လို့၊ မဖြေရှင်းတတ်လို့၊ အဖြေရှာမတွေ့သေးလို့၊ တနည်း သေသွားရင် ဒါတွေကနေ လွတ်မြောက်သွားလိမ့်မယ် လို့ ထင်မြင်မိလို့ပါ၊ ဒါဆိုရင် သေဆုံးခြင်းနှင့် လွတ်မြောက်ခြင်းဟာ တူညီနေပါသလား၊ မိတ်ဆွေကို မေးကြည့်ပါမယ် တူညီပါသလား၊ ကျနေအဖြေကတော့ တူသယောင်ယောင် ရှိနေပါတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ တူနေမှာတော့ မဟုတ်ပါဘူး၊ အဆင်မပြေမှုတွေကြုံတွေ့လာတိုင်း လူတိုင်း ဒီစိတ် ဖြစ်ကြပါမှာပါဘဲ၊ တချို့လည်း တကယ်အထမြောက်သွားကြတာ ရှိပါတယ်၊ ကျနော်ပြောတာ သေကြည့်ဖို့ပြောတာမဟုတ်ဘူးနော်။ သေသွားရင် တကယ်လွတ်မြောက်သွားမှာလား အမှန်ဆို ကျနော်တို့က တကယ်သေချင်နေကြတာမှာ မဟုတ်ကြဘဲ လက်ရှိကြုံနေရတဲ့အခက်အခဲတွေ့ကနေ လွတ်မြောက်ချင်နေကြတာပါ၊ ဒါကြောင့် သေသွားရင် လွတ်မြောက်သွားကြမယ်လို့ ထင်နေတာပါ၊ အထင်တွေက တကယ်ဆို လက်တွေ့မဟုတ်ကြဘူးနော်၊ ပုံရိပ်ယောင်တွေပါဘဲ၊ တံလျှပ်တွေပါဘဲ၊ အိမ်မက်တွေပါဘဲ။
လွတ်မြောက်ခြင်းကို ပြောကြည့်မယ်လေ လွတ်မြောက်ခြင်းဆိုတာ ရင်ဆိုင်နေရတဲ့ အခက်အခဲထဲက လွတ်မြောက်သွားတာ၊ တနည်းနည်းနဲ့အဆင်ပြေသွားကြတာပါ၊ ဒါဆို မိတ်ဆွေက သေချင်စိတ်ပေါက်နေရင်လည်း မသေပါနဲ့ဦး ခဏလေး အောင့်အီးပြီး သည်းခံပါဦးလို့ ပြောပါရစေ။ ကျနော်တို့ဟာ သေချင်စိတ်ဆီက ရမယ် အတွေ့အကြုံတွက် သူနဲ့ နေကြည့်ရပါဦးမယ် တကယ်တော့ ဒါတွေဟာ အခိုင်အတန့်လေးပါဘဲ။ ဒါလေးကို ကျော်လွှားဖို့ နည်းလမ်းရှာကြည့်ပါ၊ ဒါတွေက သင့်ဘ၀ကို ရှန်သန်လာစေမှာပါ၊ ရုန်းကန်လှုပ်ရှားနေကြရသည်မှာပင် ဘ၀ မဟုတ်ပါလား။ ကမ္ဘာကြီးသည်ပင် နေ့နှင့်ည၊ ကမ္ဘာမျက်နှာပြင်သည်လည်း လှပခြင်းနှင့် မလှပခြင်း မျက်နှာစာများရှိနေသလို အမျိုးမျိုး တည်နေရာများဖြင့် ရောယှက်ဖြစ်တည်နေသည် မဟုတ်ပါလား၊ လူဘ၀သည်ပင် အဆင်ပြေခြင်း၊ မပြေခြင်း နှင့် ဖြစ်တည်နေသည်ဟု ဆိုချင်ပါသည်။
တရားသဘောအမြင်နှင့် ကြည့်မည်ဆိုပါလျှင် သေသွားခြင်းဖြင့် လွတ်မြောက်ခြင်းအစစ်ကို မရသေး။ သေပြီးလည်း နောက်ဘ၀က ရှိနေဦးမည်သာ သေခြင်းဖြင့် ဘ၀မှ မုချမလွတ်မြောက်သေး။ နောက်ဘ၀သည် သင့်ကို အသစ်တဖန် ဖြစ်စေဦးမှာ ပါဘဲ။ နောက်ဘ၀ဆိုသည်မှာ ကမ္ဘာကြီးရဲ့ တစ်နေ့တာဖြစ်စဉ်ကို ဥပမာယူပါ သူသည်ပင် နေ့နှင့်ည ရှိနေသည်မဟုတ်ပါလား၊ လူသည်လည်း မွေးဖွားပြီး သေဆုံးခြင်း၊ တဖန်ပြန်လည်မွေးဖွားခြင်း ရှိနေဦးမည်သာဖြစ်ပါတယ်။ အကြောင်းနှင့် အကျိုးများက စဉ်ဆက်မပြတ် ဖြစ်တည်နေ့ဦးမှာဖြစ်ပါတယ်။
အမှန်တကယ်တော့ လူသားများဟာ ပျော်ရွှင်မှုတွေ၊ အဆင်ပြေနေမှုတွေကိုသာ အစဉ်ထာဝရ တောင့်တလျှက်ရှိနေကြဦးမည်သာ ဖြစ်ပါတော့သည်။ နောက်ထပ်ခေါင်းစဉ်သစ် .. ငြီးငွေ့မှုနှင့် ကျနော်...
လွတ်မြောက်ခြင်းကို ပြောကြည့်မယ်လေ လွတ်မြောက်ခြင်းဆိုတာ ရင်ဆိုင်နေရတဲ့ အခက်အခဲထဲက လွတ်မြောက်သွားတာ၊ တနည်းနည်းနဲ့အဆင်ပြေသွားကြတာပါ၊ ဒါဆို မိတ်ဆွေက သေချင်စိတ်ပေါက်နေရင်လည်း မသေပါနဲ့ဦး ခဏလေး အောင့်အီးပြီး သည်းခံပါဦးလို့ ပြောပါရစေ။ ကျနော်တို့ဟာ သေချင်စိတ်ဆီက ရမယ် အတွေ့အကြုံတွက် သူနဲ့ နေကြည့်ရပါဦးမယ် တကယ်တော့ ဒါတွေဟာ အခိုင်အတန့်လေးပါဘဲ။ ဒါလေးကို ကျော်လွှားဖို့ နည်းလမ်းရှာကြည့်ပါ၊ ဒါတွေက သင့်ဘ၀ကို ရှန်သန်လာစေမှာပါ၊ ရုန်းကန်လှုပ်ရှားနေကြရသည်မှာပင် ဘ၀ မဟုတ်ပါလား။ ကမ္ဘာကြီးသည်ပင် နေ့နှင့်ည၊ ကမ္ဘာမျက်နှာပြင်သည်လည်း လှပခြင်းနှင့် မလှပခြင်း မျက်နှာစာများရှိနေသလို အမျိုးမျိုး တည်နေရာများဖြင့် ရောယှက်ဖြစ်တည်နေသည် မဟုတ်ပါလား၊ လူဘ၀သည်ပင် အဆင်ပြေခြင်း၊ မပြေခြင်း နှင့် ဖြစ်တည်နေသည်ဟု ဆိုချင်ပါသည်။
တရားသဘောအမြင်နှင့် ကြည့်မည်ဆိုပါလျှင် သေသွားခြင်းဖြင့် လွတ်မြောက်ခြင်းအစစ်ကို မရသေး။ သေပြီးလည်း နောက်ဘ၀က ရှိနေဦးမည်သာ သေခြင်းဖြင့် ဘ၀မှ မုချမလွတ်မြောက်သေး။ နောက်ဘ၀သည် သင့်ကို အသစ်တဖန် ဖြစ်စေဦးမှာ ပါဘဲ။ နောက်ဘ၀ဆိုသည်မှာ ကမ္ဘာကြီးရဲ့ တစ်နေ့တာဖြစ်စဉ်ကို ဥပမာယူပါ သူသည်ပင် နေ့နှင့်ည ရှိနေသည်မဟုတ်ပါလား၊ လူသည်လည်း မွေးဖွားပြီး သေဆုံးခြင်း၊ တဖန်ပြန်လည်မွေးဖွားခြင်း ရှိနေဦးမည်သာဖြစ်ပါတယ်။ အကြောင်းနှင့် အကျိုးများက စဉ်ဆက်မပြတ် ဖြစ်တည်နေ့ဦးမှာဖြစ်ပါတယ်။
အမှန်တကယ်တော့ လူသားများဟာ ပျော်ရွှင်မှုတွေ၊ အဆင်ပြေနေမှုတွေကိုသာ အစဉ်ထာဝရ တောင့်တလျှက်ရှိနေကြဦးမည်သာ ဖြစ်ပါတော့သည်။ နောက်ထပ်ခေါင်းစဉ်သစ် .. ငြီးငွေ့မှုနှင့် ကျနော်...
Tuesday, December 15, 2015
ကွန်ပျူတာ ခေတ်ပြောင်း တော်လှန်မှု (တော်လှန်သော ကွန်ပျူတာများ)
သမိုင်းဦးဘုံမြေခေတ်၊
ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊
ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်ဆိုပြီး လူ့သမိုင်းဟာ ခေတ်ပေါင်းစုံကို
ကျော်ဖြတ်လာခဲ့ပါတယ်။ တော်လှန်သောဆိုတဲ့နေရာမှာလည်း ခေတ်တစ်ခေတ်ကနေ
နောက်တစ်ခေတ်၊ စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုကို ကူးပြောင်းဖို့ လူတွေအသက်၊
သွေး၊ ချွေးပေါင်းများစွာနဲ့ ရင်းနှီးခဲ့ကြရတယ်။ တော်လှန်ရေးမှာလည်း
သွေးစွန်းသော တော်လှန်ရေး၊ သွေးမဲ့တော်လှန်ရေးဆိုပြီး အနေအထားတစ်ခုကနေ
အခြား အနေအထားတစ်ခုကို ကူးပြောင်းသွားတာတွေလည်းရှိတယ်။
လူတွေက ကွန်ပျူတာစိတ်ကူးကို ၁၉ ရာစုလောက်တည်းက ရခဲ့ကြတယ်။ ဒါကြောင့်
ကွန်ပျူတာတော်လှန်ရေးဆိုတာ နှစ်ကာလပေါင်းများစွာ သန်ေဓတည်ခဲ့ပြီးမှ
ပေါက်ဖွားလာခဲ့တဲ့ သွေးမဲ့တော်လှန်ရေးလို့လည်းပြောနိုင်တယ်။ ကွန်ပျူတာ
ပေါ်လာလိုက်တာဟာ လူ့သမိုင်းကြီးတစ်ခုလုံးကို
ဇောက်ထိုးမိုးမြော်ဖြစ်သွားလောက်အောင် ပြောင်းလဲသွားပါတယ်။ အဲဒီလို
ဖြစ်အောင် ဘယ်လိုတွေ ကြိုးပမ်းခဲ့ရပါသလဲ။The Difference Engine
Charles Babbage ဆိုသူပုဂ္ဂိုလ်က ကွန်ပျူတာဆိုတဲ့စိတ်ကူးကို စတင်ခဲ့တယ်။ သူက အဲဒီစက်ကို Difference Engine ဆိုပြီး စတင်ခဲ့တာဖြစ်တယ်။ ဗြိတိသျှအစိုးရကို သူ့စက်တီထွင်နိုင်ရေး အကူအညီဆက်ပေးဖို့တောင်းဆိုတော့ အငြင်းခံလိုက်ရတယ်။ စတင်တီထွင်စဉ်က သင်္ချာတွက်စက်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အပံ့မရလို့ သူလည်း လုပ်ငန်းကို ရပ်ခဲ့ရတယ်။ ဒါကြောင့် ၁၈၂၂ ခုနှစ်လောက်မှာ စတင်တီထွင်ခဲ့ပေမယ့် ဗြိတိန်တွေဟာ ပထမဦးဆုံး တီထွင်သူ စာရင်းမဝင်ခဲ့ဘူး။ Babbage လုပ်ဆောင်ခဲ့တဲ့ ဂဏန်းတွက်စက်ဟာ အံ့သြစရာကောင်းလောက်အောင်ကောင်းတဲ့ သမိုင်းဦး ကွန်ပျူတာစက်လို့ ပြောရမယ်။ အဲဒီအချိန်က တီထွင်ခဲ့တဲ့စက်ကတော့ မရှိတော့ဘူး။ ယခုပြတိုက်မှာ ပြထားတဲ့စက်က ပုံစံတူ ပြန်လည်တည်ဆောက်ပြသထားတာလို့ သိရတယ်။ ခုလည်း အဲဒီစက်က အလုပ် လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။
ENIAC
အမေရိကန်စစ်တပ်အတွက် တည်ဆောက်ထားတဲ့ Electronic Numerical Integrator And Computer (ENIAC) ကွန်ပျူတာစက်ဖြစ်ပါတယ်။ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၃၅၇ မျိုးလောက် လုပ်ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်လောက်က တီထွင်ပြီးအသုံးပြုခဲ့တဲ့ ပရိုဂရမ်သုံးကွန်ပျူတာလို့ဆိုနိုင်တယ်။ စက်အလေးချိန် တန် ၃၀ လောက်ရှိပြီး Vacuum Tube လို့ခေါ်တဲ့ မီးလုံးပေါင်း ၁၇,၄၇၈ လုံး အသုံးပြုထားတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင် 150 kilowatts လောက်အသုံးပြုတယ်။ ပရိုဂရမ်စနစ်က မီးလုံး၊ ကြိုး၊ ခလုတ်တွေနဲ့ ပေါင်းစပ်ပြီး အလုပ်လုပ်တယ်။
IBM System/360
စီးပွားရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေမှာသုံးဖို့ IBM က System/360 ဆိုတဲ့ ကွန်ပျူတာကြီးကို တီထွင်ပြီး လုပ်ငန်းသုံး မိတ်ဆက်နိုင်ခြင်းဟာ စီးပွားရေးလောကကြီးတစ်ခုလုံးအတွက် ပြုပြင်ပြောင်းလဲမှုတစ်ခုကို စတင်လိုက်ခြင်းလို့ ဆိုရမယ်။ ၁၉၆၄ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက သမိုင်းဝင် S/360 ကွန်ပျူတာနဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လုပ်ငန်းကြီးတွေမှာ ကွန်ပျူတာမသုံးမဖြစ်အနေအထားရောက်လာအောင် အုတ်မြစ်ချလိုက်တာလို့ ဆိုနိုင်ပါတယ်။
Datapoint 2200
၁၉၇၀ ပြည့်နှစ်လောက်မှာ ပေါ်လာတဲ့ ကွန်ပျူတာဖြစ်ပါတယ်။ ကွန်ပျူတာတွေကို တန်နဲ့ချီပြီး ဘောလုံးကွင်း တစ်ကွင်းစာ လောက်ရှိတဲ့ အခန်းကျယ်ကြီးတွေကနေ အိမ်ခန်းထဲ သွင်းလာနိုင်တဲ့ ကွန်ပျူတာလေးတွေ ဖြစ်တည်လာခြင်းရဲ့ သမိုင်းအစ လို့လည်းဆိုနိုင်တယ်။ တစ်ကိုယ်ရည်သုံးကို အဲဒီအချိန်က Single-user လို့ပဲပြောသေးတယ်။ Personal လို့ မပြောသေးဘူး။ ယခုအချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Computer Terminal Corp. (CTC) ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာဖြစ်ပါတယ်။ Datapoint 2200 လို့ခေါ်တဲ့ အဲဒီကွန်ပျူတာဟာ ယနေ့ခေတ် PC ကွန်ပျူတာ တွေရဲ့ သမိုင်းအစလို့လည်း ပြောနိုင်တယ်။ ကွန်ပျူတာကို ဒီလောက်သေးအောင် လုပ်နိုင်တာဟာ Intel ကုမ္ပဏီက ထုတ် လိုက်တဲ့ single chip ပရိုဆက်ဆာကြောင့်ဖြစ်ပါတယ်။ ပရိုဆက်ဆာ chip တစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စုပြုံထည့်လာနိုင်ခြင်းဟာ ခန်းလုံးပြည့် ကွန်ပျူတာစနစ်ကို တော်လှန်ပြီး ပေါ်ပေါက်လာခဲ့ရတာဖြစ်တယ်။ အဲဒီ အချိန်ကစပြီး Intel ကုမ္ပဏီလည်း သမိုင်းဝင်တီထွင်မှုများရဲ့ အဓိကကျတဲ့နေရာကနေ ပါဝင်လာခဲ့ရတယ်။ PC Microprocessor တွေပေါ်ပေါက်လာခြင်းဟာ ကွန်ပျူခေတ်မှာလည်း ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲလိုက်ခြင်းဖြစ်ပါတယ်။
Xerox PARC Alto
ကွန်ပျူတာခေတ်ထဲကို Windows, icon, mouse, cursor ဆိုတာတွေဝင်လာတယ်။ ဖန်သားပြင်ပေါ်မှာတွေ့နေရတဲ့ အရုပ်လေးတွေကို မောက်စ်လို့ခေါ်တဲ့ ကိရိယာလေးနဲ့ click လုပ်ပြီး ထိန်းချုပ်ဖန်တီးနိုင်စွမ်းတွေ ရလာတယ်။ ကွန်ပျူတာ ထဲကို ဟာ့ဒ်ဒစ်တွေထည့်ပေးနိုင်လို့ အချက်အလက်တွေ သိုလှောင်လို့ရလာတယ်။ Ethernet ဆိုတာပေါ်လာလို့ ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးသုံးလာနိုင်တယ်။ အိမ်သုံး၊ ရုံးသုံးတဲ့အဆင့်ဖြစ်လာတယ်။ Xerox Palo Alto Research Center က ၁၉၇၄ ခုနှစ်က ထုတ်တာဖြစ်ပြီး PARC ကွန်ပျူတာလို့လည်း သိကြတယ်။ ဈေးကွက်ကို သိပ် မရောက်ခဲ့ဘူး။
TRS-80
၁၉၇၇ ခုနှစ်မှာ Radio Shack ကနေ TRS-80 လို့အမည်ပေးထားတဲ့ကွန်ပျူတာ လုံးရေ ၃၀၀၀ လောက် ထုတ်လိုက် တယ်။ အဲဒီအချိန်ကတော့ ဆိုင်တွေမှာ ရောင်းရသမျှ ငွေစာရင်းကို ဖြည့်သွင်းဖို့ အဓိကသုံးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း ငွေဖြည့်ရုံသက်သက်မဟုတ်တော့ဘဲ အချက်အလက် မှတ်တမ်း(documentation) တွေကို ဖြည့်သွင်းလို့ရအောင် လုပ်လာနိုင်ပြီး Trash-80 ကွန်ပျူတာလို့ လူသိများလာတယ်။ အတိုကောက် TRS-80 လို့ခေါ်တယ်။ သူနဲ့တွဲပြီး third-party ဆော့ဖ်ဝဲထုတ်လုပ်မှုတွေလည်း အစပျိုးလာတယ်။ ဒီစက်လေးမှာ အထက်တန်းကျောင်းသားလေးတွေက ပရိုဂရမ်တွေ ရေးသားထည့်သွင်းပြီး ကွန်ပျူတာခေတ်ပြောင်းတော်လှန်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။
Apple II
Apple ကုမ္ပဏီကို စတင်ထူထောင်နိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ Apple ကွန်ပျူတာတွေကို ထုတ်နိုင်ခဲ့တယ်။ နှစ်ပေါင်း ၁၅ နှစ် လောက် ဈေးကွက်မှာ လွှမ်းမိုးထားနိုင်လောက်အောင် လူကြိုက်များခဲ့တယ်။ Apple II ကွန်ပျူတာအဆင့်မှာ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ထုတ်ပြီး ဖြန့်ချိနိုင်တဲ့အဆင့်ရောက်လာတယ်။ တီထွင်သူတွေက ဖန်သားပြင်ပေါ်မှာ ပုံပြရောင်စုံ GUI စနစ်နဲ့ သုံးနိုင်အောင်စီစဉ်ပေးခဲ့တာကြောင့် ပညာရေးအတွက်သုံးဖို့ ပိုပြီး စိတ်ဝင်စားသွားကာ ပေါက်သွားတယ်လို့ ဆိုရမယ်။ ကလေး ကြိုက်ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းကြီးတွေမှာ သုံးဖို့ကျတော့ ကလေးကလားဆန်တယ်ဆိုပြီး သိပ်အားမပေးခဲ့ကြဘူး။
IBM PC
၁၉၈၁ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက အမြန်ဆုံး၊ လုပ်ငန်းသုံးအတွက် အဆင်အပြေဆုံး မိုက်ခရိုကွန်ပျူတာဆိုပြီး ထုတ် လိုက်ပါတယ်။ ကွန်ပျူတာလောကအတွက် ဟာ့ဒ်ဝဲဆိုတာဘာ၊ ဆော့ဖ်ဝဲဆိုတာဘာ၊ ကွန်ပျူတာဆိုတာဘာလို့ ကွဲပြားစွာ Standard တစ်ခုကို တည်ဆောက်ထူထောင်ပြလိုက်တာလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်က ကွန်ပျူတာဆိုတာ ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်စံအတိုင်းထုတ်နေကြတာများတော့ လူတွေအနေနဲ့ နားလည်ရ ဝေခွဲရခက်ခဲခဲ့ပါတယ်။ Clone ကွန်ပျူတာ စနစ်နဲ့ လူတိုင်းအတွက် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲတွေ လိုသလောက်ရယူသုံးစွဲနိုင်အောင် IBM ကုမ္ပဏီက ဈေးကွက်မှာ ဖြန့်ခဲ့တယ်။ Personal Computer (PC) ခေတ်ဟာ ခုမှ တကယ်ရောက်လာတယ်လို့ ဆိုရမှာပါ။
Apple Macintosh
၁၉၈၄ ခုနှစ်လောက်မှာ ကွန်ပျူတာတစ်ခေတ်ဆန်းအောင် Apple ကုမ္ပဏီက ကြံဆောင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာကို အိမ်တိုင်းမှာ မရှိမဖြစ်၊ မသုံးမဖြစ်အနေအထားရောက်အောင် လုပ်နိုင်ခဲ့တာလို့လည်း ဆိုရမယ်။ ယခင် ကွန်ပျူတာတွေ သုံးရတာ ကွန်ပျူတာနားလည်အောင် command လိုင်းတွေ ဝင်ရေးမှ သုံးလို့ရတယ်။ အထူးသဖြင့်တော့ IBM ကထုတ်တဲ့ PC တွေမှာ MS-DOS လို့ခေါ်တဲ့ operating system ကိုသုံးပြီး စာတွေရိုက်ထည့်သုံးကြရတယ်။ Apple က အဲဒီခေတ်ကို ပြောင်းလိုက်ပါတယ်။ ဂရပ်ဖစ်ပုံတွေကို မြင်ကွင်းပေါ်မှာ မောက်စ်နဲ့ တိုက်ရိုက် click လုပ်ပြီး ကွန်ပျူတာကို သုံးနိုင်တဲ့စနစ်ကို တွင်ကျယ်အောင်လုပ်ခဲ့တယ်။ သူတို့ကြောင့်လည်း Graphical User Interface (GUI) စနစ်ဟာ ပိုပြီး တွင်ကျယ်ခေတ်စားလာခဲ့ရတယ်။ ဈေးကွက်နဲ့ စီးပွားရေးအရ အောင်မြင်တဲ့တီထွင်ချက်ဖြစ်ပါတယ်။
IBM Roadrunner
Super Computer ဆိုပြီးနှစ်ပေါင်းများစွာ တီထွင်ခဲ့ကြတာ မရိုးနိုင်ပါဘူး။ အိမ်သုံး ရုံးသုံး ကွန်ပျူတာလေးတွေရှိသင့် သလို၊ လုပ်ငန်းသုံးအတွက်လည်း ကွန်ပျူတာကြီးတွေ ရှိသင့်ပါတယ်။ နိုင်ငံနဲ့ချီပြီး လုပ်ရတဲ့ လုပ်ငန်းတွေမှာလည်း Super ကွန်ပျူတာကြီးတွေ လိုအပ်ပါတယ်။ ဒေတာတွေ မြောက်မြားစွာ သိုလှောင်နိုင်ရမယ်၊ မြန်ဆန်စွာ တွက်ချက်နိုင်ရမယ်ဆိုတဲ့ အဓိကအချက်တွေကို Super ကွန်ပျူတာတွေကပဲ ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်ကထုတ်ခဲ့တဲ့ ENIAC ကွန်ပျူတာတွေထက် ပိုကြီးပေမယ့် စွမ်းဆောင်နိုင်ရည်ကတော့ ပိုပြီးတော့ ကောင်းလာပါတယ်။ ယခင် တစ်စက္ကန့်ကို Quadrillion (one followed by 15 zeros) လောက် လုပ်နိုင်စွမ်းကနေ Petaflop (one million billion) လောက် လုပ်ဆောင်နိုင်စွမ်းတွေတိုးလာတယ်။ ယနေ့ခေတ်တိုင်အောင် Super ကွန်ပျူတွေကို နိုင်ငံတော်အနေနဲ့ ဂုဏ်ယူပြီးတည် ထောင်နေကြဆဲဖြစ်ပါတယ်။
Written by နွေဦး
Subscribe to:
Posts (Atom)