Saturday, January 26, 2013

အခက်အခဲ

နံပါတ်တစ်ကတော့ ကျွန်တော် ဒီနေ့ ပြာသိုလပြည့်နေ့ဆိုတော့ ဥပုတ်စောင့်တယ် .... ဘုန်းကြီးကျောင်းတော့မသွားပါဘူး၊ အိမ်မှာဘဲ ကိုယ့်ကိုယ်ကို သီလယူလိုက်ပါတယ်...၊

ကျွန်တော်ပြောချင်တာက ဥပုတ်စောင့်တယ်၊ ငါကုသိုလ်တွေလုပ်တယ်ဆိုပြီး၊ ကောင်းသော ၊ မင်္ဂလာရှိ၊ အကြောင်းအရာတွေ တွေ့ရမယ်၊ ကြုံရမယ်ဆိုပြီး ၊ စိတ်ထဲက မျှော့်လင့်ထားတာပေါ့၊

ဒါပေမဲ့ မဟုတ်ဘူးဗျာ့ .... အဲဒီမှာ မနက်ကတည်းက သီလယူ၊ တရား အနည်းအကျဉ်း မှတ် နေတုန်း၊ ဖုန်းက ၀င်လာပြီ၊ အလုပ်က စရှုပ်ပြီ၊ စိတ်မဖြောင့်တော့တာနဲ့ ၊ ဆက်ပြီး မမှတ်ဖြစ်တော့ပါဘူး၊ တခါ သေးငယ်ကိစ္စတွေက တပြုံကြီး ရှုပ်ထွေးပြီး၊ ရောက်လာတာ ခု ကျွန်တော် ဒီပို့(စ်)တင်တဲ့ အချိန်မှဘဲ ....

စိတ်နည်းနည်းအေးသွားတယ် ဆိုပါတော့ဗျာ။

ဒီနေ့ အိမ်ကဖုန်းလာတယ် .... အမေနဲ့ ဖုန်းမပြောရတာ အတောကြာနေပြီဗျာ ... ကျွန်တော့ အကျင့်က တမျိုး၊ ဖုန်းတော့ ပြောချင်တယ်၊ ပြောဖိုကြိုးစားတိုင်း၊ အဆင်မပြေတာ၊ တခုခုပေါ့ဗျာ ၊ ဖြစ်လာပြီဆို ဖုန်းမ ခေါ်ဖြစ်တော့ဘူး၊ အမေရဲ့ အဆုံးအမလေး နာခံရတာပေါ့....

ခု ကျွန်တော့စာကို စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် .... ၊
ကျွန်တော် လုပ်ချင်တာတွေက များတယ်....၊ လောဘကြီးတယ်လို့ပြောရမလား၊ မသိဘူး၊ ကျွန်တော့ ဆန္ဒကို မနေ့က ပို့(စ်)မှာ ပြောခဲ့ပြီးပါပြီ၊

အဲတော့ ကျွန်တော် လိုအပ်နေတာက၊ ကျွန်တော့ ဆိုက်လေးကို (Forum) ပုံစံမျိုးလေးဖြစ်ချင်တာပါ၊ ဒီဆိုက်လေးမှာ ကျွန်တော် ဆရာကြီးလုပ်ချင်တာမဟုတ်ပါဘူး၊ ပူးပေါင်း ဆောင်ရွက်ချင်တာပါ၊ ဒါပေမဲ့ ကျွန်တော့ ဘလော့ နည်းပညာတွေ ကျွန်တော့ မရသေးဘူးဗျာ၊ အဲဒါကြောင်းမလို့ ၀ိုင်းဝန်းပြီး ကူညီကြပါလို့ ပြောချင်ပါတယ်.....။


အားလုံး .... အခက်အခဲများကြားထဲက သင်ခန်းစာယူပြီး မနက်ဖန်အတွက် အကောင်းဆုံး ဖြေရှင်း 
ဆောင်ရွက်နိုင်ပါစေ ...။

No comments:

Post a Comment