Monday, July 15, 2013

Deep Freeze နှင့် နှစ်ရက်တာ


Deep Freeze Program က အစွမ်းထက်သားဗျာ့
ခံလိုက်ရတာ မပြောပါနဲ့တော့ဗျာ၊ Wifi ချိတ်ထားတော့ Program တွေ Update တောင်းတော့ပေးလိုက်တယ်၊
  • ကွန်ပျူတာ Restart လည်း ချလိုက်ရော့ ခုနားက Update လုပ်ထားတာတွေ၊ Wifi  Network Sharing ရော့ အကုန်သွားတာဘဲ၊ 
  • နောက်ဆုံးပြောရမယ်ဆိုရင်  နောက်ခံပုံပြောင်းတာတောင် ပြောင်းမရဘူး
  • Update လုပ်ရတာ ကြာတယ် ... ပြီးရင် ပြန်ဖွင့်လိုက်ရင် နဂိုအတိုင်း Update တောင်းမြဲတောင်းနေတာဘဲ
  • ဒါနဲ့ ဒီ Program ကို ဖြုတ်မယ် ဆိုပြီး Control Panel ထဲက Add or Remove မှာ သွားရှာတယ် ..
  • ဘာသားရှောက အဲဒီမှာ မတွေ့ရဘူးဗျာ့၊ ဒါနဲ့ Manually အနေဖြင့် Computer ကိုသွား Drive (c:) ကိုဝင် ၊ Program File ကို သွားပြီး Deep Freeze ပရိုဂရမ်ကို သွားပြီး ၊ Delete သွားလုပ်တယ်၊ ဒါတောင် မကဘူး ၊ Shift + Delete ကိုသွာဖျက်တာ ၊ အဖျက်မခံဘူး ၊ သူရဲ့ Process တွေရှိနေတယ်ဆိုပြီးပြောတယ်၊
  • ဒါနဲ့ Task-bar ရဲ့ Notification Area အတွင်းရှိ Deep Freeze Icon ကို သွားဖွင့်တယ် ဘယ်လိုနှိပ်နှိပ်မရဘူး။
  • ကျွန်တော်လည်း အင်တာနက်တက်ပြီး ဖြေရှင်းနည်းသွားရှာတယ်၊ နောက်ဆုံးလည်း အဲဒီ ပေးတဲ့ဆိုက်မှာဘဲ သွားပြီး ဖြေရှင်းနည်းရိုက်ရှာမှ Deep Freeze ပြန်ပြီး Uninstall လုပ်နည်းအပြည့်အစုံကို ပေးထားပါတယ် ...
  • Deep Freeze Program Icon ကို Notification Area မှာ တွေ့နိုင်ပါတယ်၊ 
  • ၄င်းProgram အား Keyboard မှ Shift ဖြင့်တွဲပြီး နှစ်ချက်နှိပ်ပြီး ဖွင့်ပါ။
  • စကားဝှက်တောင်းလာပါလျှင် မိမိပေးထားသော စကားဝှက်ကို ပြန်ပြီး ရိုက်ပါ။
  • Boot Option တွင် အောက်ဆုံး Boot ကို ရွေးပါ။
  • ၄င်းထည့်သွင်းခဲ့သော Deep Freeze Program ကို ပြန်ပြီး Install ပြန်လုပ်ပါ။
  • ပေါ်လာတဲ့ အကွက်မှာ Uninstall ကိုရွေးပြီး ဖျက်ထုတ်ပါ။
  • အားလုံး OK  သွားပါမည်။
  • Deep Freeze ကို အင်တာနက်ဆိုင်တွေ၊ ကွန်ပျူတာ သင်တန်းတွေအတွက်သင့်တော်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အသုံးပြုသူတွေက ကြိုက်သလိုလုပ် Restart လည်း လုပ်လုပ်ရင် မူလအတိုင်းပြန်ရှိနေမယ်ဆိုတော့ ကောင်းတာပေါ့။
  • မှတ်ချက်။ Internet ပေါ်မှ ပေးထားသော Deep Freeze Remover ဖြင့် အဆင်မပြေပါ။ ၄င်းဖိုင်တွင် Virus များ ပါဝင်နေပါတယ်။
  • Deep Freeze ကိုတော့ ဒီမှာ ယူလိုက်ဗျို့။

No comments:

Post a Comment