Tuesday, December 15, 2015

အတွေးများနှင့်ကျနော်

ကျနော်တို့၏အတွေးများသည် ရံခါပေါ်ထွက်လာကြသည် ရံခါလုပ်ဆောင်စရာများကို ဆုံးဖြတ်ထားကြသည် သို့သော် ထိုအတွေးများသည် ပြတ်တောက်သွားသည် ထိုအတွေးများကို ပြန်လည်ဆက်စပ်ပြီး ရှာဖွေသောအခါ အစအနတောင် ရှာတွေ့တော့မည်မဟုတ်၊ အရာမထင်သော ဆုံးဖြတ်ချက်များ တွေးခေါ်ချက်များဖြင့်သာ ခရီးဆက်လာကြသည်သာ ဖြစ်သည်။ ထိုတွေးခေါ်ချက်များဖြင့် တည်ဆောက်ခဲ့သော လူဘ၀များသည်လည်း မရေမရာ မသေချာသော အနေဖြင့်သာ ခရီးဆက်နေမည်သာဖြစ်သည်။ တစ်ခါတစ်ရံ တွေးခေါ်ချက်များ အလင်းရသောအခါ ကျနော်တို့သည် တက်ကြွစွာ လုပ်ဆောင်ကြမည်သာဖြစ်ပြီး၊ တွေးခေါ်စဉ်းစားချက်များ ဟန်ချက်မညီသောအခါ ပြတ်တောက်သွားသော အမှောင်အတိဖြင့်သာ မှောင်မိုက်နေမည်သာ ဖြစ်သည်။ အတွေးများသည် ပစ္စုပန်လုပ်ဆောင်ချက်တို့ ထွက်ပေါ်လာကြပြန်ပါသည်။ ထပ်မံကြိုးစားလုပ်ဆောင်ကြပြန်ပါသည်။ ဒီတော့ ကျတော်တို့ အတွေးသံသရာမှာ ရှိနေကြဦးမည်သာဖြစ်သည်။  အတွေးများ၏ သဘောသဘာဝ ကို ကြည့်မည်ဆိုပါလျှင် ကျနော်တို့၏သည် စီးဆင်းနေ ရေအလျည်ကဲ့သို့ပင်၊ အာကာသကောင်းကင်တွင် စီးမျှောနေသော ကြယ်စုများကဲ့သို့ပင်တည်း။
ကျနော်တို့၏ အတွေးများသည်လည်း သည်သဘာဝအတိုင်းပင် စီးမျှောနေမည်သည်ဖြစ်သည်။ ကျနော်တို့သည် သဘာဝတရားများ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသလို့ ကျနော်တို့၏ အတွေးများသည်လည်း သဘာဝတရား၏ တရား၏ အစိတ်အပိုင်းတခုဟု ဆိုရမည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် သဘာဝတရားများနှင့် ဆက်စပ်ပြီး တည်ရှိနေဦးမည်သာဖြစ်သည်။ အတွေးများသည် သဘာဝ၊ သဘာဝသည် အတွေးဖြစ်သည် ထို့ကြောင့် သဘ၀နှင့် အတွေးသည် ထပ်တူ အချိုးကျနေမည်ဖြစ်သည်။ ထို့ကြောင့် အတွေးများကြောင့်စိတ်ရှုပ်ထွေးသဖြင့် အတွေးများကို ကျနော်တို့ ပယ်ဖို့ကြိုးစားခြင်း ရှိကောင်းရှိလိမ့်မည်ဖြစ်သည်။ သို့သော် ထိုသို့ကြိုးစားခြင်းထက် အတွေး၏ သဘာဝအတိုင်း ကျနော်တို့ စီးမျှောကြည့်ခြင်း သူ့သဘာဝနှင့် နီးစပ်အောင် ကြိုးစားပြီး နေကြည့်မည်ဆိုလျှင် သူ့သဘောသဘာဝကို သိမြင်လာမည်ဖြစ်သည်။ ထို့သို့အတွေးများကို ပယ်ဖို့ကြိုးစားခြင်း၊ အတင်းပိတ်ဆိုခြင်းထက် ပိုပြီးကောင်းစေမည်မှာ အတွေးသည် ကျနော်တို့၏ သဘာဝဖြစ်ခြင်းကို သိမြင်နားလည်စေခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုခြင်းသည် အတွေးများကို အသက် သွင်းနေခြင်းလော့ မဟုတ်ပါ အတွေးများကို ပယ်ထားလို့မဖြစ်၊ ဒီတော့ အတွေးဆီက ရမယ့် မှတ်သားစရာ၊ လုပ်ဆောင်ဖွယ်ရာများကို နှိက်ယူထားတတ်ရမည်၊ ပညာယူတတ်ရမည်ဖြစ်သည်။ အတွေး၏ သဘာဝအတိုင်း တွေးပြီးလျှင်ပင် အစအနပင် ပြန်လည်ရှာဖွေမည်ဆိုလျှင် ရတော့မည် မဟုတ်ပေ။ ကွယ်ပျောက်သွားကြတော့မည်ပင်ဖြစ်သည်။

No comments:

Post a Comment