Saturday, December 19, 2015

ငြီးငွေ့ခြင်းနှင့်ကျနော်

ငြီးငွေ့တယ်ဆိုတာ လူတိုင်းကြုံဖူးကြလိမ်မည်ထင်ပါသည်။ ငြီးငွေ့တယ်ဆိုတာ လုပ်ချင်ကိုင်ချင်စိတ်ကုန်သွားတာ၊ ဘာမှမလုပ်ချင်တော့တာ၊ ဘာလုပ်လုပ်မပျော်တာ၊ ဘာလုပ်ရမလဲဆိုတာလည်း မသိတော့တာ၊ ဘယ်သူနဲ့ ဘာအလုပ်ပဲလုပ်လုပ်၊ ဘယ်သူနဲ့ဘာကြောင်းအရာဘဲ ပြောပြော၊ ဘ၀ဟာ မပျော်ရွှင်တော့တာ၊ တနည်း အဓိပါယ်မဲ့နေခြင်းမျိုးပါ။ ဒါတနည်းအားဖြင့်ပြောရရင် အန္တရာယ်သိပ်များပါတယ်။ ဒါဟာ စိတ်ကျခြင်းဘက်ကို ပြောင်းသွားနိုင်လို့ပါဘဲ။
လောကကြီးမှာ ဘာလုပ်လုပ် အဓိပါယ်မဲ့နေခြင်းမျိုးပါဘဲ။ ဒါဆို ဒီလူက လောကမှာ အသက်ရှင် နေထိုင်ရခြင်းဟာ အဓိပါယ်မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲ။ မိတ်ဆွေ စဉ်းစားကြည့်လေ။ သူဟာ စိတ်ဓါတ်ကျပြီး သေသွားဖို့ဘဲ ရှိတော့တယ်။ ဒါမှမဟုတ် သတ်သေသွားနိုင်တယ်။ ဒါဆိုဘာကြောင့် ငြီးငွေ့ရတာလဲ အကြောင်းအရင်းကို ဆန်းစစ်ကြည့်ရအောင်၊ ကျနော်တို့ဟာ တစ်ခုခုလုပ်နေရင်း ပျော်ရွှင်မှုကို ရှာဖွေလေ့ရှိကြပါတယ်။ ပျော်ရွှင်မှုတွေကို တစ်ခုပြီးတစ်ခုခံစားကြပါတယ်။ ခံစားစရာ မရှိတော့တယ်အခါ ခံစားမှုတွေက ရိုးသွားတဲ့အခါမျိုးမှာ၊ လုပ်စရာ အလုပ်တစ်ခုခုကို မလုပ်ဖြစ်ခင်မှာ လုပ်နေရတဲ့ အလုပ်ကို မပျော်ပိုက်တဲ့အခါမှာ ကျနော်တို့ ငြီးငွေမှုဖြစ်လာတော့မှာပါ။ ဒါဟာ ကြောက်စရာ ကောင်းကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုငြီးငွေ့မှုမျိုး လူတိုင်းခံစားဖူးကြမှာပါ -
သာမန်ပြောရမယ်ဆိုရင် ပျင်းတယ်ပေါ့၊ ပျင်းတဲ့ အဆင့်ကျော်သွားတဲ့အခါမျိုးမှာ ငြီးငွေ့မှုဆိုတာ ဖြစ်လာတော့တာပါဘဲ။ ဒါဆို လူပျင်းက ငြီးငွေ့မှုဆိုတာ ဖြစ်သလား အဲဒါမဟုတ်ဘူး ပျင်းတဲ့လူက အကောင်းကြိုက်တယ်၊ ဘာမှသာမလုပ်ချင်တာ ထိုင်ရာမထ အကုန်ခံစားချင်တာမျိုးဘဲ။ သူက တစ်ခုပြီးတစ်ခု ခံစားပြီးနေမှာပါ။ နောက်ဆုံး ဘာမှ မခံစားတော့ရင် တနေကုန် အိပ်နေမှာပါ။
ဒါက ပျင်းတဲ့လူရဲ့ သဘာဝကို ပြောချင်တာပါ။ ငြီးငွေ့ခြင်းက အဆင့်မြင့်တယ် သိပ်ပြီး ခံစားရခက်တဲ့ အဖြစ်မျိုးပါ ဒီထက်ပိုပြီ သူသဘာဝကို ခံစားပြီး ရေးပြချင်ပါသေးတယ်။ ဥပမာပြောရရင် တစ်ခုခုမှ မရှိရင် မနေတတ်တဲ့လူဟာ အဲဒီတစ်ခုခုမရှိတော့ရင် ဘယ်လိုဖြစ်လာမလဲ။ အစပိုင်းမှာ နေရထိုင်ရ  အတော်ခက်လိမ့်မယ် တော်တော်ပျင်းလိမ့်မယ် နောက်ပိုင်း နေတတ်ထိုင်တတ် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။  တကယ်တော့ငြီးငွေ့တယ်ဆိုတာ ရင်ထဲက ခံစားချက်ပါ။ သဘာဝတရားကတော့ ဒီအတိုင်းဘဲရှိနေမှာပါ။ ပတ်ဝန်းကျင်ကလည်း ဒီအတိုင်းဘဲ လည်ပတ်နေမှာပါ။ မိမိခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တွေကလည်း ဒီအတိုင်းဘဲ လည်ပတ်နေမှာပါ ငြီးငွေ့နေလို့လည်း ဒီခန္ဒာကြီးက ပိန်မသွားပါဘူး ဒါပေမဲ့ သေသွားနိုင်ပါတယ်။ ဒီငြီးငွေ့မှု ဒါဏ်မခံနိုင်စားနိုင်လို့ပါ။
ငြီးငွေ့မှုအဆင့်တွေက အမျိုးမျိုးရှိနေမှာပါ။
သာမန်ငြီးငွေ့မှု အဆင့်မှာ စိတ်အလိုမကျမှုကြောင့် ဖြစ်နေတာပါ။ ခဏပါဘဲ။ အဆင်ပြေသွားတဲ့အခါ ပြန်ပျော်ရွှင်သွားတတ်ပါတယ် တနည်း နောက်တနေ့ မိုးလင်းရင် ပုံမှန် အိုကေ သွားတတ်ပါတယ်။
ဒီထက်ပိုပြီး ငြီးငွေ့တဲ့ လူမျိုး ဆိုရင်တော့ တစ်ရက် နှစ်ရက်နဲ့ ပျော်မသွားပါဘူး နေရက်တော်တော်များများဆက်ပြီး ဖြစ်နေတတ်ပါတယ်၊ ဘယ်သူနဲ့မှ နေလို့ ပျော်မှာမဟုတ်ပါဘူး စားချင်သောက်ချင်၊ လည်ချင်ပတ်ချင် စိတ်တွေကုန်နေတတ်ပါတယ်။ ဒီလိုလူမျိုးအတွက်ကတော့ သူ့အတွက် မိတ်ဆွေကောင်း လိုအပ်နေပါတယ်။ သူ့ကို အားပေးဖော် သူ့ရင်ထဲက ခံစားချက်များကို မျှဝေခံစားတတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလူမျိုးများတွေ့ခဲရင် စိတ်ညစ်အောင်မပြုလုပ်ဖို့ တောင်းဆိုပါရစေ။ သူကို ကိုယ်ချင်းစာစိတ်ထားစေချင်ပါတယ်။ နောက်သူအတွက် သူနဲ့လိုက်ဖက်တဲ့အလုပ်မျိုးကို ရွေးချယ်သတ်မှတ်ပြီး တာဝန်ပေးအပ်ခြင်းအားဖြင့် အလုပ်မှာ ပျော်လာမယ်။ မိတ်ဆွေတွေနဲ့ နေထိုင်လာမယ်။ တစ်ယောက်ထဲကမ္ဘာမှ အများနဲ့နေခြင်းဖြစ်လာစေမှာပါ၊ သူ့ဘ၀ဟာ အဲဒါမှ အသက်ရှင်သန်လာမယ်။ သူဝါသနာပါရာမျိုး ခရီးထွက်တာမျိုး ပရဟိတ များတွင်လည်းပါဝင်စေခြင်းမျိုးဖြင့် သူကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး ထပ်တွေ့နိုင်သေတာက အာရုံကြောမကောင်းသူများဟာလည်း ဒီလိုမျိုးစိတ်ခံစားမှုမျိုးဖြစ်နိုင်ပါတယ်။ မူးယစ်ဆေးစွဲနေသူများလည်း ဒီလိုမျိုး စိတ်ခံစားမှု မျိုးဖြစ်နိုင်ပါသေးတယ်။
နောက်တစ်မျိုးက သူက တရားပွားများအားထုတ်ရင်း ၀ိပဿ     နာညဏ်များ ရင့်သန်လာသော အခါတွင်လည်း မိမိလက်ခံပျော်ရွှင်ခဲ့သော အလုပ်များအားလုံးအပေါ်ငြီးငွေ့မှုများ ဖြစ်ပေါ်လာပါတော့တယ်။ နောက်ဆုံး မိမိလုပ်ရမယ့် တရားအလုပ်ကိုတောင် ငြီးငွေ့ပြီး မလုပ်ချင်စိတ် ဖြစ်လာတတ်ပါတယ်။ သို့ပေမယ့် ပြန်စဉ်းစားတဲ့အခါ ဒီလိုရပ်ပစ်ခြင်းဖြင့်လည်း ငြီးငွေ့မှုမှ မလွန်မြောက်နိုင်ဆိုတာ သူကိုယ်တိုင်သိမြင်နေပါတယ်။ သူမည်မည်မျှ ငြီးငွေ့သနည်း မြင်ခြင်းအပေါ်၊ ကြားသမျှအသံအပေါ်၊ နံသမျှ အနံ့များအပေါ်၊ စားရသအမျှ ရသာမျိုးစုံအပေါ်၊ တွေးခေါ်နေသော အတွေးအာရုံများအပေါ်၊ နောက်ဆုံး သေဆုံးပြီးနောက် သွားရမည့် ဘုံဘ၀များကိုပါ မလိုချင်တော့သော ငြီးငွေ့မှုကို ဖြစ်လာပါတော့တယ်။ သေချင်စိတ်လည်းပေါက်နေပါတော့တယ်။ ဒါပေမဲ့ သေခြင်းဖြင့်လည်း ငြီးငွေ့မှုမှ မလွန်မြောက်နိုင်ဘူးဆိုတာ သူသိနေပြန်ပါတယ်။ ထိုလူ၏ ငြီးငွေ့ မှုသည် အဆုံးစွန်ထိအောင် ရောက်နေပြီး မည်မျှ အထီးကျန်လိုက်မည်နည်း ခံစားပြီး သိမြင်နိုင်ပါသည်။ သို့သော် ထိုသူ၏ ငြီးငွေ့မှုသည် ၀ိပဿ      နာညဏ်ရင့်သန်လာမှုကြောင့် ဖြစ်သော ညဏ်ဖြစ်ပါသည်။ တရားကို ဆက်လက်အားထုတ်သွားပြီး တဖြည်းဖြည်း ၄င်းညဏ်မှ ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ် နောက်ဆို ငြီးငွေ့မှုများကို ဥပေက္ခာပြုထားပြီး ဆက်လက်အားထုတ်သွားမှာဖြစ်ပါတယ်။ ၄င်းနောက် မဂ်အဆင့် ဖိုလ်အဆင့် အသီးသီးကို ဆိုက်ရောက်သွားမှာ ဖြစ်ပါတယ်။
မည်သို့ပင် ဆိုစေ အဆင့်တိုင်းတွင် အင်မတန်မှ အနေကျပ်ခြင်း ၊ မခံစားနိုင်ခြင်း၊ အထီးကျန်ခြင်းတို့သည် တူညီနေမှာပင်ဖြစ်သည် ထိုကြောင့် ထိုငြီးငွေ့မှုများကို လွန်မြောက်အောင် သတိထားပြီး ပညာညဏ် ဖြင့် မိမိကိုယ်ကို စီမံပြီး နေသွားရန် အလွန်ပင် အရေးကြီးမိပါကြောင်း ရေးသားလိုက်ရပါတယ်။

No comments:

Post a Comment