Tuesday, July 30, 2013

Eassy On the Role Of Computers in Everyday Life


The computer is one of the most brilliant gifts of science. This device was originally developed by Charles Babbage. Most countries have developed fast due to computerization. Writing a program is essential for a computer. Speed, accuracy, reliability, and integrity are the main characteristics of a computer.
Many of the routine activities today at home and in business are done by computers. The computer has proved a friend and servant of science, technology and industry. Most offices, shops, factories and industries use computers. The Internet is a storehouse of information. The computer is a boon to all. Telecommunication and satellite imageries are computer based. Computers have made the world a global village today.
ကွန်ပျူတာဆိုတာဟာ သိပ္ပံပညာက ပေးလိုက်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့လက်ဆောင်တစ်ခုပါဘဲ၊ ကွန်ပျူတာစက်ပစ္စည်းများ ဟာ Charles Babbage က မူလအစတီထွင်ခဲ့ပါတယ်၊ နိုင်ငံတော်တော်များ များမှာလည်း ကွန်ပျူတာပိုင်းဆိုင်ရာတွေဟာ အလွန်မြန်ဆန်စွာနဲ့တိုးတက်လာပါတယ်။ ကွန်ပျူတာ အတွက် ပရိုဂရမ်ရေးသားမှုဟာ အရေးပါအရာရောက်ပါတယ်၊ ကွန်ပျူတာဆိုလိုက်ရင် မြန်ဆန်မှု၊ တိကျမှန်ကန်မှု၊ သက်တောင့်သက်တာရှိမှု၊ ပြည်ပြည်စုံစုံရှိခြင်း၊ ဒါတွေနဲ့ ပြည့်ဝနေပါတယ်။
မိမိရဲ့တနေ့တာ အလုပ်ကိစ္စများ အိမ်ကိစ္စ၊ ရုံး၊ ကုမ္ပဏီကိစ္စရပ်များကို ကွန်ပျူတာကလုပ်ဆောင်ပြီးမြောက် 
ပါတယ်၊ ကွန်ပျူတာနည်းပညာဟာ စက်မှုဇုံနှင့် နည်းပညာထုတ်ကုန်များကြား သူငယ်ချင်းသဖွယ် ကူးလူးဆက်ဆံနေကြပါတယ်၊ ရုံးတော်တော်များများ၊ အရောင်းဆိုင်များ၊ စက်မှုဇုံတွေမှာ ကွန်ပျူတာကို အသုံးပြုနေကြပါတယ်၊ အင်တာနက်ဟာလည်းပဲ သတင်းအချက်အလက်များ၏ သိုလှောင်ရုံကြီးပါဘဲ၊ ကွန်ပျူတာဟာ နေရာဒေသ၊ နယ်ပယ်အသီးသီးမှာ အားလုံးနဲ့ ၀င်ဆန့်နေပါတော့တယ်၊ ဆက်သွယ်ရေး စနစ်နှင့်ဂြိုလ်တုဆက်သွယ်စနစ်များဟာလည် ကွန်ပျူတာနည်းပညာလုပ်ဆောင်ပုံချင်းဟာ တူညီနေ ပါတယ်၊ ယနေ့ကွန်ပျူတာဟာဆိုရင် ကမ္ဘာကြီးတခုလုံးကို ရွာတစ်ရွာသဖွယ်ဖြစ်သွားအောင်ပြုလုပ် လိုက်တာ ပါဘဲ။
The computer is one of the most brilliant gifts of science. It is an electronic device for storing and analyzing information fed into it, for calculating, or for controlling machinery automatically. Charles Babbage developed this device first in 1812 followed by George Boole in 1854, Howard and Aitten in 1937, Dr. John Nouchly and J. P. Eckert in 1946. These computers were named the first generation equipment. Today, wit the 'Artificial Intelligence' technology, we are using fifth generation computers. Each new generation of computers has been smaller, lighter, speedier and more powerful than the earlier ones. Now note-book sized computers like laptop are fairly common. Computers have been dominating technology since 1970s, and has now entered almost all walks of life.
ကွန်ပျူတာဆိုတာဟာ သိပ္ပံပညာက ပေးလိုက်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့လက်ဆောင်တစ်ခုပါဘဲ၊ ၄င်းဟာဆိုရင် လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ပြီး အချက်အလက်များအား သိမ်းဆည်းခြင်း၊ ပြန်လည်ရှာဖွေယူခြင်း များ ကိုပြုလုပ်နိုင်ပါတယ်၊ တွက်ချက်မှုအတွက်ဆိုရင် အလိုအလျောက်အလုပ်လုပ်သော စက်ကြီးများကို ထိန်းချုပ်ရန်အတွက် အသုံးပြုနိုင်ပါတယ်၊ Charles Babbage က 1812 ခုနှစ်တွင် ပထမဦးဆုံး ကွန်ပျူတာစက်ကို တီထွင်ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း George Boole က 1854 မှာ ထပ်မံ မွန်းမံခဲ့ပါတယ်၊ Howard နှင့် Aitten တို့က 1937 တဖန်ပြုပြင်ခဲ့ပါတယ်၊ Dr. John Nouchly နှင့် J. P. Eckert တို့က 1946ခုတွင် အသီးသီး အဆင့်ဆင့်မွန်းမံပြုပြင်ခဲ့ကြပါတယ်၊ အဲ့ဒီကွန်ပျူတာကို First Generation Equipment ဟု အမည်ပေးခဲ့ပါတယ်၊ ယနေ့ခေတ်တွင် (၅)ဆက်မြောက်ကွန်ပျူတာကို လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု ထုတ်လုပ်ခဲ့ပါတယ်၊ မျိုးဆက်တစ်ခုတိုင်းတွင် ယခင်ကထက် ပိုပြီး သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ ပိုပြီးမြန်ဆန်လာခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာခြင်းတို့ ဖြစ်လာစေပါတယ်၊ ယခုခေတ်အ သုံးပြုနေသော မှတ်စုစာအုပ်အရွယ် ပုံစံအထိရောက်လာခဲ့ပြီး မဟုတ်ပါလား၊ ကွန်ပျူတာ စိုးမိုးမှုကာလကို 1970 ခုလိုပြောရမှာပါဘဲ၊ လူသားများရဲ့ နေ့စဉ်လုပ်ဆောင်မှု နေရာများနှင့် ယှဉ်တွဲပြီး ၀င်ရောက်လာခဲ့ပြီးမဟုတ်ပါလား၊ 

Writing a program is essential for running a computer. This job is done by a software engineer. A computer program is a complete list of instructions which the computer accepts in order to solve a problem. There are many different languages that can be used to programme a computer. BASIC, COBOL, FOR TRAN, C, C++, JAVA and Visual Basic are some of them.
ကွန်ပျူတာ အတွက် ပရိုဂရမ်ရေးသားမှုဟာ အရေးပါအရာရောက်ပါတယ်။  ပရိုဂရမ်ရေးသားခြင်းများကို
software engineer များက ရေးသားကြပါတယ်၊ ကွန်ပျူတာပရိုဂရမ်များဟာ ပြီးပြည့်စုံသော ညွှန်ကြားချက်အ စီအစဉ်များဖြင့် ဆောင်ရွက်ပေးကြပါတယ်၊ ၄င်းအပြင် ပြဿနာများ ကို လက်ခံဖြေရှင်းပေးကြပါတယ်၊ ကွန်ပျူတာ Software များကို အောက်ပါဘာသာစကားများဖြင့် ရေးသားကြပါတယ် BASIC, COBOL, FOR TRAN, C, C++, JAVA နှင့် Visual Basic တို့ ဖြစ်ကြပါတယ်၊
Speed, accuracy, reliability and integrity are some of the characteristics of a computer. It can execute over a million instructions per second without committing and mistake. It can carry our calculations in just a few minutes that would require days if carried out manually. It helps us in solving many difficult problems of multiple calculations. Computer has a huge memory. It can hold large amount of data. The software technology has seen a spurt of development and firms like Microsoft have established themselves as market leaders, pioneering the IT revolution world over.
 ကွန်ပျူတာဟုဆိုလိုက်ရင် မြန်ဆန်မှု၊ တိကျမှန်ကန်မှု၊ သက်တောင့်သက်တာရှိမှု၊ ပြည်ပြည်စုံစုံရှိခြင်း၊ ဒါတွေနဲ့ ပြည့်ဝနေပါတယ်။ ၄င်းဟာ  တစ်စက္ကန့်အတွင်းမှာ သန်းနှင့်ချီသော ညွှန်ကြားချက်များကို မှားယွင်းမှုမရှိ ၊ မပျက်မကွက်ပြီးမြောက်ဆောင်ရွက်ပေးကြပါတယ်။ လူသားများအနေဖြင့် ရက်ပေါင်းများစွာ လုပ်ဆောင်ရမည့် အလုပ်များကို မိနစ်အနည်းငယ်ဖြင့် ဆောင်ရွက်တွက်ချက်နိုင်စွမ်းရှိကြပါတယ်၊ ကျွန်တော်တို့ကို ခက်ခဲ့ပြီး ရှုပ်ထွေးသော တွက်ချက်များကို ကူညီဖြေရှင်းပေးပါတယ် ။ ကွန်ပျူတာတွင် ကြီးမားကို မှတ်ညဏ်ပါရှိပါသည်။ ၄င်းသည် များပြားသော အချက်အလက်များကို ထိမ်းသိမ်းထားနိုင်ပါတယ်၊ Microsoft ကုမ္ပဏီမှ Software နည်းပညာများကို စဉ်ဆက်မပြတ် အရှိန်ဖြင့် ထုတ်လုပ်ပြီး ကျွမ်းကျင်ပြီး ခိုင်မာသော ဈေးကွက်စာမျက်တွင် ဦးဆောင်ရပ်တည်ဖွင့်လှစ်ခဲ့ပါတယ်၊ ကမ္ဘာတ၀ှမ်းလုံး နည်းပညာ ဖြင့် ကြီးကျယ်စွာ ပြောင်းလဲစေ့မယ့် ခြေလှမ်း ပါဘဲ၊  
It has provided us with efficiency and accuracy in our work. Software acts as the medium through which communication and dissemination of information are carried out.
In less than 50 years, computers have influenced practically every field of activity. Many of the routine activities today are being performed by computers. Use of computers has reduced the paperwork. Now most of the work is done directly on the computers. The traffic in large cities is controlled by computers. Automation in banks and railway stations have provided relief to the public and staff alike. Ticketing and reservation have become more efficient and convenient. Various types of games like chess and cards can also be played on computers.
 ကွန်ပျူတာစနစ်များက ကျွန်တော်တို့ကို အချိန်တိုအတွင်း တိတိကျကျ အကျိုးများစေရန်ထောက်ပံ့ ကူညီပါတယ်။ Software များက ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုပ်သံထုတ်လွှတ်ခြင်း ကြားခံအဖြစ် ဆောင် ရွက်ပေးပါတယ်။နှစ်ပေါင်း (၅၀) အထက်မနည်းသော ကာလမှာ ကွန်ပျူတာ၏ နေရာယူလာမှု ပုံမှန်အားဖြင့် နေရာအသီးသီးမှာ လုပ်ဆောင်လာခဲ့ပါတယ်၊ များစွာသော လုပ်ရိုးလုပ်စဉ် အလုပ်ကိစ္စ္စ လုပ်ဆောင်ချက်များကို ဒီကနေ့မှာ ကွန်ပျူတာမှာ ကြားဝင်ဆောင်ရွက်လာခဲ့ပါတယ်၊ကွန်ပျူတာကို သုံးခြင်းဖြင့် ပုံမှန် စာရွက်စာတန်းအလုပ်များကို လျှော့ချနိုင်ခဲ့ပါတယ်၊ အခု ကျွန်တော်တို့၏ အလုပ်များကို ကွန်ပျူတာဖြင့် တိုက်ရိုက် လုပ်ဆောင်ပြီးမြောက်စေခဲ့ပါတယ်၊ မြို့ပြကြီးတွေမှာ ယာဉ်ကြောရှုပ်ထွေးမှု များကို ကွန်ပျူတာဖြင့် ထိမ်းချုပ် ဖြေရှင်းစေပါတယ်၊ အလိုအလျောက် ဘဏ်ငွေထုတ်စနစ်များ၊ ရထားဘူတာ ၀န်ထမ်း နေရာမှာ ကွန်ပျူစနစ်များက ကြားဝင် လုပ်ဆောင်စေပါတယ်၊ လက်မှတ်ဖြတ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများ ပိုပြီးထိထိရောက်ရောက်ဖြစ်စေပြီး အဆင်ချောမွေ့စေပါ တယ်။  အမျိုးမျိုးသော ဂိမ်း ကစားနည်းများကလည်း ကွန်ပျူတာမှာ ကစားနိုင်ပါတယ် ဥပမာ၊ Chess နှင် Card ဂိမ်းများ။
In medical diagnosis, computers are being used to locate and investigate accurately and precisely abnormalities and diseases. Business transactions and high volume of associated data are easily managed by using computers.
 ဆေးဝါးကဏ္ဍတွင် ရောဂါများအမျိုးအမည်ကို ခွဲခြားစမ်းသပ်ခြင်း၊ ၄င်းကဏ္ဍများတွင်လည်း ကွန်ပျူတာဖြင့် ရောဂါဖြစ်သော နေရာ ၊ အကြောင်းအရာအတိကျကို ရှာဖွေခြင်း၊ ဖြစ်စဉ်အတိုင်း မဟုတ်သော ရောဂါ လိင်နှင့် ပါတ်သတ်သော ကူးစက်ရောဂါများ ရှာဖွေခြင်းများကို လုပ်ဆောင်ပေးပါတယ်၊ စီပွားရေးနှင့်ပါတ်သတ်သော အချက်အလက်များရေးသွင်းခြင်း၊ ကြီးမားသော စာရင်းဇယားများကို လွယ်ကူစွာဖြင့် ရှာဖွေနိုင်ခြင်းကို ကွန်ပျူတာကို အသုံးပြုခြင်းဖြင့် ရရှိစေမှာပါ။
Computer is the backbone of information technology whose major application lies in internet. Internet has some very useful applications in our day to day life.
One can get railway and air tickets booked online. This saves one from the trouble of standing in a queue for long hours. One can also apply for a job or admission in a school or a college by filling the application form online. This saves time and energy. One can also see results of any examination on the Internet. Tax returns can also be filed on the Internet. Income Tax form can be downloaded from the Income tax website.
ကွန်ပျူတာဟာ နည်းပညာနှင့်သတင်းအချက်အလက်များ နောက်ခံကျောရိုးကြီး တစ်ခုအနေဖြင့်ရှိနေခဲ့ ပါတယ်၊  အဓိကတော့ အင်တာနက်ပါဘဲ ၊ အင်တာနက်မှာ  ကျွန်တော်တို့ နေ့စဉ်ဘ၀ကို ဖြတ်သန်းမှု လိုအပ်ချက်များ အချို့သော အသုံးဝင်သည့် လျှောက်လွှာပုံစံ များကိုရယူနိုင်မှာပါ၊ တမျိုးအနေကတော့ ရထားလက်မှတ်ရယူခြင်းနှင့်Online မှ လေယာဉ်လက်မှတ်များ ကြိုတင်မှာယူခြင်းများကို ပြုလုပ်နိုင်ပါတယ်၊ ဒီစနစ်က နာရီများစွာ မတ်တပ်ရပ်စောင့်ဆိုင်းရခြင်းများကို သက်သာခွင့်ရစေမှာပါ၊ အလုပ်လျှောက်ခြင်း များကို လည်း ပြုလုပ်နိုင်မှာပါ၊ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ကောလိပ်အတွက် ဖောင်ဖြည့်ခြင်း များကို Online မှတဆင့် ပြုလုပ်ခြင်းများ၊ ဒါဟာ အချိန်နဲ့ စွမ်းအင်ကို ချွေတာခြင်းပါဘဲ၊ နောက်ပြီးတော့ စာမေးပွဲ ရလဒ်(အဆင့်မြင့်အတန်းဝင်ခွင့်)ကို အင်တာနက်မှ ကြည့်ရှုနိုင်ပါတယ်၊ အကောက်ခွန်ခ ရေးဖြည့်ခြင်းများ ကိုလည်း အင်တာနက်မှပြုလုပ်နိုင်ပါတယ်၊ ၀င်ငွေခွန်နှင့် ပတ်သက်ပြီးတော့ ၀င်ငွေခွန်ဆောင်ခြင်း ကိုအင်တာနက် စာမျက်နှာမှာ Download ရယူနိုင်ပါတယ်၊
The interconnection of computers worldwide, i.e., the internet, is revolutionizing the concept and the conduct of business. Visual and audio access to offices worldwide through the network has given rise to virtual offices. One can have easy access to information via internet. It is an ocean of knowledge for the students. It is a huge library. The Internet helps the student to study for the examinations. Students pursuing courses through distance education mode can study the subject online. The internet is the fastest and cheapest way to take admission in a foreign institution, collect geographical information of any region, chat with anybody in any corner of the world or search for life partner of one's choice.
ကမ္ဘာအနှံ့ကွန်ပျူတာများကြား အချင်းချိတ်ဆက်မှုများ။ ဥပမာ။ အင်တာနက် စီးပွားရေးလုပ်ငန်းများ၏ အပြည့်အ၀ပြောင်းလဲမူများ၊ ထင်မြင်ယူဆချက်များ အများသဘောတူညီစေခဲ့ပါတယ်။ ကမ္ဘာအနှံ့ရှိ ရုံးခန်းများမှ ချိတ်ဆက်ထားသော  ကွန်ပျူတာ ကွန်ယက်များကို  ဖြတ်သန်းပြီး ရုပ်လုံးပေါ်မူနှင့် အသံပိုင်းဆိုင်ရာများ  ၀င်ရောက်အသုံး ပြု  အကျိုးသက်ရောက်စေရန်။ အလွယ်တကူဖြင့် အင်တာနက်မှ သတင်းအချက်အလက်များကို ရယူနိုင်ပါတယ်၊ ၄င်းဟာ ကျောင်းသား/သူ များအတွက် အပြောကျယ်ဝန်း
သော ဗဟုသုတပင်လယ်ကြီးပင်ဖြစ်ပါတော့တယ်၊ ၄င်းဟာ အလွန်ကြီးမားသော စာကြည့်တိုက်လည်း ဖြစ်ပါ တယ်။  စာမေးပွဲဖြေဆိုရမည့် ကျောင်းသား/သူများအတွက် အင်တာနက် ဟာ အကူအညီဖြစ်စေပါတယ်၊ အဝေးရောက် ပညာသင်ကြားရေးစံနစ်မှာလည်း မိမိယူထားသည့် ဘာသာရပ်အလိုက် အင်တာနက်မှ
 လေ့လာသင်ယူနိုင်ပါတယ်၊ နိုင်ငံခြားသက္ကသိုလ်ဝင်ခွင့်ဖြေဆိုရာမှာလည်း အင်တာနက်ဟာ မြန်ဆန်ပြီး ၊ ငွေကြေးကုန်ကျမှုများလည်း သက်သာစေပါတယ်၊ မည့်သည်ဒေသအတွက်မဆို ပထ၀ီဝင်သဘောတရား များ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်စုဆောင်းမှုကိုလည်း များစွာထောက်ကူပြုစေပါတယ်၊
 ပြောရမယ်ဆိုရင်တော့ သင်ဘ၀တသက်တာအတွက် ဘ၀လက်တွဲဖော် ရှာမယ်ဆိုရင်လည်း ကမ္ဘာတ၀ှမ်းလုံးနဲချိတ်ဆက်ပြီး စကားပြောခန်းများ( Chat) ဟာလည်း တစ်ခုအပါအ၀င်ပါဘဲ။
The importance of the internet as an all-pervasive medium of the future has been well recognized in India. A very important indicator is the number of businessmen jumping on to internet related business. E-commerce is gaining popularity in India as it allows trade at low costs and offers enterprises a chance to enter the global market at the right time. E-commerce helps in various aspects of the business including identifying the customer, promoting sales and advertising, handling orders, taxes, shipping, payment processing, etc.
The state governments and the central government have put special emphasis on computer education in India. Computer application is also beig extended to legal arena. The Supreme Court of India has become the first court in the country to provide e-filing of cases.
အင်တာနက်ရဲ့အရေးပါအရာရောက်မူဟာဆိုရင် အနာဂါတ်အတွက် စီးပွားရေးလုပ်ရန်အကောင်းဆုံး လမ်းကြောင်းဖြစ်ကြောင်းကို အိန္ဒိယနိုင်ငံအနေဖြင့် သိပြီးဖြစ်ပါတယ်။ အရမ်းအရေးကြီးဆုံးညွှန်းဆိုချက် ဆိုရာတွင်   အင်တာနက်နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းရှင်များက အကွက်ကျော် သိမြင်ပြီး လုပ်ကိုင်ကြောင်းကို သိစေပါတယ်၊ E-commerce ဆိုတဲ့ Online မှာ ရောင်းခြင်း ၀ယ်ခြင်း လုပ်ငန်းများ ကလည်း အိန္ဒိယနိုင်ငံမှာ ရေးပန်းစား လူကြိုက်များသော နည်းလည်းဖြစ်ပါတယ်၊ ဒီစနစ်ဟာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သတ်ပြီး ကုန်ပစ္စည်းမှာယူခြင်း၊ ရောင်းဝယ်ခြင်းများကို ဈေးနှုန်းသက်သာစွာဖြင့် ကမ္ဘာဈေးကွက်မှာ ကုန်သွယ်ခွင့်ကို အခွင့်အရေးရရှိစေပါတယ်၊ E-commerce စနစ်က ကူညီမူဖြင့် ရှုထောင့်အသီးသီးမှ စားသုံးသူများ ၏ရင်တွင်းဆန္ဒနှင့်ထပ်တူကျစေသော စီးပွားရေးလုပ်ငန်းအပါအ၀င် ၊ ကုန်ပစ္စည်းများ အရောင်းမြှင့် တင်ခြင်း၊  ကြော်ငြာခြင်း၊ ကုန်ပစ္စည်းမှာယူခြင်း၊ အကောက်ခွန်ဆောင်ခြင်း၊ နိုင်ငံကူးသင်္ဘောဆိပ်ကမ်းများ၊ အခြားသော ငွေပေးချေခြင်း ကိစ္စရပ်များတို့ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအဖွဲ့များမှ ကွန်ပျူတာ ပညာရေးသင်ကြားရေးစနစ်ကို ဦးစားပေး ဖော်ဆောင်လျှက်ရှိပါတယ်၊ ကွန်ပျူတာ အသုံးချ Software များရေးသားခြင်းများကို တရားဝင် ပြိုင်ပွဲများ ကျင်းပပေးပြီး ကျွမ်းကျင်သော ပညာရှင်များမွေးထုတ်ပေးလျှက်ရှိပါတယ်၊ အိန္ဒိယနိုင်ငံ၏ ကြီးကျယ်ခန်းနားသော ညီလာခံမှ တိုင်းပြည်၏ ပထမအဆင့် ညီလာခံမှ ကူညီမှုဖြင့် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျှက်ရှိနေပါတယ်။
Computerization has created a lot of jobs for DTP operators, Programmers, Hardware an Software professionals. It provides tremendous openings for new kinds of entrepreneurs.
The computer gives us many benefits. They can be used as typewriters. When equipped with telephone modems, with the help of computer we can chat across the world. Teleconferencing and video conferencing are also possible. The internet helps us to keep in touch with family and friends. One can get information about every subject known to man, ranging from government law and services. trade fairs, conferences, market information, education, society and politics.
 ကွန်ပျူတာအသုံးချမှုလုပ်ငန်းများက စာစီစာရိုက်အလုပ်များစွာကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်၊ Software ရေး သားသော အလုပ်များ၊ ကွန်ပျူတာ စက်ပစ္စည်းများနှင့် Software ပြုပြင်ခြင်း ၊ ထည့်သွင်းခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းနိုင်ခြင်း ကျွမ်းကျင်အတတ်ပညာရှင်များကိုလည်း ပေါ်ပေါက်စေပါတယ်၊ ၄င်း၏ အကျိုးဆက်အနေဖြင့် အံ့သြတုန်လှုပ်ဖွယ်ကောင်းလောင်အောင်ပင် လူငယ်၊ လူရွယ်များအတွက် စီးပွားရေး များတွင် စွန့်စားလိုစိတ်များ ကို ဖြစ်ပေါ်စေခဲ့ပါတယ်၊ ကွန်ပျူတာစနစ်မှ ကျွန်တော်တို့ကို အကျိုးရလဒ်များ စွာ ရရှိစေပါတယ်၊ ၄င်းတို့ကို သုံးပြီး စာစီစာရိုက်လုပ်ငန်းများအဖြစ်အသုံးပြုနိုင်ခြင်း၊ တယ်လီမော်ဒမ်များကို အသုံးပြုပြီး ကမ္ဘာတစ်ဘက်ခြမ်းမှာ ရှိနေသော သူများနှင့် တွေဆုံစကားပြောဆိုနိုင်ရန်လည်း အထောက်အ ကူပြုပါတယ်၊ ကွန်ပျူတာအသုံးချ အင်တာနက်မှ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်မြင် တွေ့ဆုံခြင်းများကလည်း ဖြစ်လာ ပါနိုင်ပါတယ်၊ အင်တာနက်စံနစ်က ဝေးကွာနေသော မိသားစုများအကြား တွေဆုံထိတွေ့ခွင့်ကိုလည်း ကူညီပေးပါတယ်၊ တစ်ခုအနေဖြင့်ကတော့ ထင်ပေါ်ကြော်ကြားနေသော ပုဂ္ဂိုလ်များ၏ သတင်းအချက်အ လက်များကိုလည်း အလွယ်တကူဖြင့် အင်တာနက်ပေါ်မှ ရှာဖွေဖတ်ရှုနိုင်ပါတယ်၊ အစိုးရအဖွဲ့အစည်းများ၏ ချမှတ်ထားသော ဥပဒေနှင့် ၀န်ဆောင်မူများကိုလည်း ရယူသိရှိနိုင်ပါတယ်၊ ကုန်သွယ်ခြင်းကိစ္စရပ်များ၊ အစည်းအဝေးများ ၊ ဈေးကွက်နှင့်ပတ်သတ်သော သတင်းများ၊ ပညာရေးကဏ္ဍများ၊ အခြားအဖွဲ့အစည်း များနှင့် နိုင်ငံရေးအကြောင်းအရာများကိုလည်း သိရှိခွင့်ရစေမှာဖြစ်ပါတယ်။
The computer has proved as a friend and servant to science, technology and industry. The computer through Internet expands business opportunities. Computerization has been done in business, banking, electronic publishing, engineering, creative designing, fashion designing, etc. It is used in railways, airlines, defence service, research establishments. postal and communication departments, meteorology, medical science, stock-broking etc. In defence, they help radars, missile and rocket launching. They have opened new avenues of shopping and entertainment.
ကွန်ပျူတာစံနစ်များဟာ သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင် သိပ္ပံနှင့် နည်းပညာ များ၊ စက်မူဇုံများ ဆီသို့ အလုပ် ၀င်ရောက်နိုင်ရန်  သက်သေခံနေပါတယ်။ ကွန်ပျူတာပညာရပ်များဟာ အင်တာနက်စနစ်မှတဆင့် စီးပွားရေးလုပ်ငန်း အခွင့်အလန်းများကို  တိုးချဲ့လုပ်ကိုင် နိုင်ပါတယ်၊ ကွန်ပျူတာစနစ်ကို အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဖြစ်ကြသော ဘဏ်၊ လျှပ်စစ်ဖြင့် လုပ်ကိုင်သော စာပေပုံနှိပ်ခြင်း၊ အင်ဂျင်နီယာ၊ ဒီဇိုင်းပိုင်း ဆောင်ရွက်ခြင်း၊ အ၀တ်အစား ဒီဇိုင်းဆွဲခြင်း နှင့် အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ပါတယ်၊ ၄င်းအပြင် ရထားများ၊ လေကြောင်းလိုင်းများ၊ စစ်တပ်ပိုင်းဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ၊ စာတိုက်နှင့် တယ်လီဖုန်းလုပ်ငန်းများ၊ မိုးလေ၀သခန်းမှန်းခြင်းလုပ်ငန်းများ၊ ဆေးသိပ္ပံနှင့် စတော့ရှယ်ယာ ရောင်း ၀ယ်ခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ပါတယ်၊ စစ်တပ်ပိုင်းဆိုင်ရာတွင် ရေဒါဖမ်းခြင်း၊ အဝေးပစ် အမြှောက်၊ ဒုံးကျည် ပစ်လွှတ်ခြင်းများကို ထိန်းချုပ်ခြင်း၊ အခြားအနေဖြင့် ဈေးဝယ် ၊ ဈေးရောင်းခြင်းများအပြင် ဂီတဆိုင်ရာ ပြုလုပ်ချက်များ ကိုလည်း လုပ်ကိုင်နိုင်ကြပါတယ်၊
Telecommunication and satellite imagery are computer based. Computerization can play an important role in rural areas in seed research, crop disease management and software development for rural industries.
The computer also has its negative side. The rise of cyber crime, the use of chat rooms for indecent discussion, certain websites, which deal in pornographic material have been noticed. But the advantages and importance outweigh the disadvantages. Through computerization, the world has become a global village today.
တယ်လီဖုန်းဆက်သွယ်ရေးစနစ် နှင့် ဂြိုလ်တုစနစ်များတွင် ကွန်ပျူတာကို အခြေခံပြီးလုပ်ဆောင်ကြ ပါတယ်၊ကွန်ပျူတာအသုံးပြုနိုင်မှုဟာအရေးပါအရာရောက်ကျေးလက်ဒေသများတွင်မျိုး စေ့ အောင်မြင်ဖြစ်ထွန်းခြင်း ရှိမရှိကို သုတေသနပြုစမ်းသပ်ခြင်းမျိုးကိုလည်း အထောက်အကူပြုပေးနိုင် ပါတယ်၊ အသီး အနှံများနှင့်ပါတ်သက်ပြီး ပိုးဝင်ရောက်ဖျက်ဆီးခြင်းများကို စီမံခန့်ခွဲခြင်းပြုလုပ်ရန်နှင့် ကျေး လက်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လည်း ပြုလုပ်နိုင်ပါတယ်၊ တခြားတဘက်မှာတော့ ကွန်ပျူတာကို မကောင်းကျိုးပြုတဲ့ဘက်အနေနှင့်လည်း ရှိနေပြန်ပါတယ်၊ ဥပမာ။ အင်တာနက်ပေါ်မှာ ပြစ်မှုကျူးလွန်မှုမျိုး လည်း များစွာရှိနေပြန်ပါတယ်၊ ကွန်ပျူတာ အသုံးပြုမှုများမှာ ရိုးရိုးစကားပြောခန်းအပြင် လိင်ကိစ္စများ အတွက် အသုံးပြု ဆက်သွယ်ခြင်းမျိုးလည်း ရှိနေနိုင်ပါတယ်၊ ၄င်း လိင်အသားပေး အင်တာနက် စာမျက်နှာများလည်း သန်းနှင့်ချီပြီး ရှိနေပြန်ပါတယ်၊ ပြောရမယ်ဆို လိင်အသားပေး ၊ လိင်မှု လှုံဆော်သော၊ စာမျက်နှာများပင်ဖြစ်ပါတယ်၊ တဘက်က ကောင်းကျိုးအနေဖြင့်ရှိနေသလို အဆိုးအနေဖြင့်လည်း ရှိနေနိုင် ပါတယ်၊ ဒီလိုအားဖြင့် ကွန်ပျူတာ အသုံးပြုမှုများက ကမ္ဘာကြီးဟာ ရွာတရွာသဖွယ် ဖြစ်တည်လို့နေ ခဲ့ပါတယ်။

No comments:

Post a Comment